Technicial FAQs

MikroTik Router ကို WebUI မှမဟုတ်ဘဲ အခြားဘယ်လိုနည်းနဲ့ Configure ပြုလုပ်နိုင်ပါသလဲ။

Winbox Software အားအသုံးပြုပြီး IP (သို့မဟုတ်) MAC Address ဖြင့် Authenticate ပြုလုပ်ကာ configuration ပြုလုပ်နိုင်ပါတယ်။
layer 2, layer 3 support လုပ်နိုင်ပြီး username ,password ဖြင့်လဲ Store လုပ်နိုင်ပါတယ်။
Winbox Software အား download2.mikrotik.com/routeros/winbox/3.0rc1/winbox.exe တွင်ရယူနိုင်ပါတယ်။

MikroTik မှာ LoadBalancing ပြုလုပ်မယ်ဆိုရင် ဘယ်လိုspecification နဲ့ပြည့်စုံသော device ကို ရွေးသင့်ပါသလဲ။

LoadBalancing လုပ်မယ်ဆိုရင် mangle rule တွေသုံးရပါတယ်။
mangle rule တွေများမယ်ဆိုရင် CPU load တက်နိုင်ပါတယ်။
ဒါပေမယ့် LoadBalancing သီးသန့်သာအသုံးပြုမယ်ဆိုရင်တော့ Specification အရမ်းမြင့်တာမလိုပါဘူး ဥပမာ RB750,RB951 ကဲ့သို့သော specification ရှိတဲ့ device များဖြင့်လည်း အသုံးပြုနိုင်ပါတယ်။
client users များရင်တော့ Specification မြင့်တဲ့ device တွေကို ရွေးချယ်သင့်ပါတယ် ဥပမာ G series တွေကို ရွေးချယ်သင့်ပါတယ်။

MikroTik မှာ Routing အတွက်ဘာ Protocols တွေအသုံးပြုနိုင်ပါသလဲ။

MikroTik supports လုပ်တဲ့ protocols တွေကတော့ RIP, OSPF, BGP, BFD, MME အစရှိတဲ့ protocols တွေကို အသုံးပြုနိုင်ပါတယ်။
Routing Protocols တွေကို Licence level 3 ကနေ စတင်အသုံးပြုနိုင်ပါတယ်။

PPPoE Server အသုံးပြုမယ်ဆိုရင် ဘယ်လို Licence ကိုရွေးချယ်ရပါမလဲ။

PPPoE Server အသုံးပြုမယ်ဆိုရင် အနည်းဆုံး Licence level 3 ရှိရပါမယ်။
Licence ရွေးရာမှာ Level 3 နဲ့ 4 ဆိုရင် PPPoE user အယောက်200 ထိ support လုပ်ပါတယ်။
Level 5 ဆိုရင် PPPoE user အယောက်500 ထိ support လုပ်ပါတယ်။
500 အထက်အသုံးပြုမယ်ဆိုရင်တော့ unlimited ဖြစ်တဲ့ Licence level 6 ကိုရွေးရပါလိမ့်မယ်။

MikroTik License က expire ဖြစ်ပါသလား ?

License က expire မရှိပါဘူး။ Trial version ဆိုရင် 24 hours အသုံးပြုခွင့် ရှိပါသည်။

MikroTik RouterOS™ software ကို ရှိုပြီးသား software license ဆုံးရှုံးခြင်းမရှိပဲ reinstall ဘယ်လို ပြန်လုပ်လို့ ရနိုင်မလဲ?

Software License ကို reinstall ပြန်လုပ်မယ်ဆိုရင် Netinstall software ကို အသုံးပြု၍ သူ့ procedure အတိုင်း ပြုလုပ်လို့ ရပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်ကို http://wiki.mikrotik.com/wiki/Manual:Netinstall မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

MkiroTik မှာ Cache Server အသုံးပြုမယ်ဆိုရင် ဘာတွေလိုအပ်ပါလဲ?

MikroTik မှာ Cache Server လုပ်မယ်ဆိုရင်
                      Hardware အနေနဲ့ ဘာမှထပ်ဝယ်ဖို့မလို အပ်ပါဘူး Firewall နဲ့ Cache တို့ကို တစ်လုံးထဲမှာ အသုံးပြုနိုင်ပါတယ်၊
                      Licence အနေနဲ့ဆိုရင်တော့ Licence level 3 အနည်းဆုံးရှိရပါမယ်၊
                      Cache များများဖမ်းချင်ရင်တော့ USB Stick or USB External Hard Disk တို့ထပ်မံချိတ်ဆက်အသုံးပြုရပါမယ်။

MikroTik မှာ Radius Manager ဘယ်လိုအသုံးပြုရပါမလဲ?

MikroTik မှာ Radius အတွက် User Manager ဆိုတဲ့ package လေးရှိပါတယ်၊
User Manager က Radius Serverရဲ့ အလုပ်တွေကိုလုပ်နိုင်ပါတယ်၊
User Manager အသုံးပြုမယ်ဆိုရင် Licence Level တွေကိုစဉ်းစားဖို့လိုအပ်ပါတယ်၊
                      Level 3 မှာဆိုရင် user 10 ဦး အသုံးပြုနိုင်ပါတယ်၊
                      Level 4 မှာဆိုရင် user 20 ဦး အသုံးပြုနိုင်ပါတယ်၊
                      Level 5 မှာဆိုရင် user 50 ဦး အသုံးပြုနိုင်ပါတယ်
                      user 50 ဦး ထက်များမယ်ဆိုရင်တော့ unlimited ဖြစ်တဲ့ Level 6 ကို ရွေးရပါမယ်။

CacheBox မှာ ဆိုရင် ရိုးရိုး squid ထက်ဘာတွေ ပိုကောင်းပါသလဲ?

CacheBox ကလဲ squid ကို အခြေခံထားတာပါ၊
CacheBox ရဲ့အားသာချက်တွေထဲကတစ်ခုကတော့
                      သူ့မှာဆိုရင် Deployment Mode မှာ layer2 Caching(Bridge mode), Redirect mode, NAT mode နဲ့ WCCP mode တွေကို support လုပ်ပါတယ်။ CacheBox ကိုသုံးမယ်ဆိုရင် concurrent cache ကို ကောင်းမွန်စွာ support လုပ်ပါတယ်။

wireless network နဲ့ ပတ်သက်ပြီး ဘာတွေကို လုပ်ဆောင်ပေးသလဲ?

small business network & large business network တွေ အပြင် point to point configuration ၊ point to multipoint configuration တွေကို လုပ်ဆောင်ပေးပါတယ်

point to point configuration မှာ ဘယ်အချက်တွေကို စဉ်းစားဖို့လိုသလဲ?

Line of sight
Fresnel Zone အပြင် distance အပေါ်မူတည်ပြီး မည်သည့် device (သို့မဟုတ်) antenna တွေကို သုံးရမလဲ စသည့် အချက်များကို စဉ်းစားဖို့လိုတယ်။

802.11ac ကိုဘာလို့ ရွေးချယ်သင့်သလဲ?

point to point configuration တွေမှာ ac ကို အများဆုံးရွေးချယ်သင့်ပါတယ်။
802.11ac ဟာဆိုရင် 80MHz bandwidth, throughput 500Mbps အထိ အသုံးပြုနိုင်ပါတယ်။

openMesh သည် ဘယ်လို device မျိုးဖြစ်ပါသလဲ။

openMesh သည် ဈေးနှုန်းသက်သာသော cloud manage AP လုပ်ထားသော device ဖြစ်ပါတယ်။

cloud management လုပ်ထားသော AP device ကို အသုံးပြုခြင်းအားဖြင့် ဘယ်လိုကောင်းကျိုးများရရှိနိုင်ပါသလဲ။

Cloud management လုပ်ထားသော device ဟာဘယ်နေရာမှမဆို internet connection ရှိပါကလွယ်ကူစွာ SSID change လို့ရသည့်အပြင် bandwidth control ကိုလည်းလုပ်ပေးနိုင်ပါတယ်။

QNAP Device အား ဘယ်လိုအသုံးချနိုင်ပါသလဲ?

QNAP အား Storage server တစ်ခုအနေဖြင့်အသုံးပြုနိုင်ပြီး Virtualization System တစ်ခုလဲ Built in ပါရှိတယ်။ All in one server တစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ဥပမာ - file server , printer server, backup server.

ကျွန်တော်တို့ ဘာကြောင့် Elastix ကို မိမိ Company အတွက် အသုံးပြုသင့်ပါသလဲ။

Elastix ဟာဆိုရင်ဖြင့် "Best of Breed" လို့ဆိုတဲ့ Open Source Product ဖြစ်တဲ့ အခြားသော system တွေ Product တွေနဲ့စာရင် ပိုပြီးတော့ Powerful ဖြစ်တဲ့ system ဖြစ်ပါတယ်၊ ဒ့ါအပြင် VOIP Service မှာ အသုံးပြုနိုင်တဲ့ Feature တွေ၊ Service တွေကို အပြည့်အဝရယူအသုံးချနိုင်မှာဖြစ်တဲ့အပြင် other product တွေနဲ့စာရင် ပိုပြီးတော့ Powerful ဖြစ်တဲ့အတွက် သုံးစွဲဖို့ရွေးချယ်သင့်ပါတယ်။

Elastix ရဲ့အသုံးဝင်တဲ့ major component တွေကဘာလဲ။

Elastix ရဲ့ အသုံးဝင်တဲ့ major component တွေကတော့ အရင်ကအသုံးပြုခဲ့ကြတဲ့ PABX တွေထက်စာရင်
Linux Platform ဖြစ်တဲ့ CentOS ပေါ်မှာ Run ထားတဲ့အတွက် Security ပိုင်းအရ ပိုအားသာမှုရှိတယ်
A2 Billing , Calling Card Platform ဆိုတဲ့ service တွေပါ အသုံးပြုနိုင်ပါတယ်
Hylafax လို့ခေါ်တဲ့ Software base FAX System တွေပါတယ်
OSLEC ဆိုတဲ့ Software Based Echo Cancellation ဆိုတဲ့ Feature တွေပါတယ်
Free Voice Mail တွေအသုံးပြုလို့လည်းရမယ်
Follow Me,Ring Group,Call forwarding and Call waiting,Conference Call,IVR,Time Group အစရှိတဲ့ Useful ဖြစ်တဲ့ Feauter တွေ Service တွေကိုလဲ အသုံးပြုနိုင်တယ်
ဒါ့အပြင် အခုနောက်ပိုင်း Business Organization တွေ Company တွေ NGO အဖွဲ့အစည်းတွေများမှာဆိုရင် Skype နဲ့ပါ ချိတ်ဆက်ပြီး International Call တွေကို VOIP ပေါ်မှတစ်ဆင့် ခေါ်ဆိုနိုင်တဲ့ System တွေပါအသုံးပြုနေပြီး ဖြစ်ပါတယ်။

Elastix ကို အခြားသောဘယ် Product တွေနဲ့ တွဲသုံးလို့ရနိုင်သေးလဲ။

Elastix ကို အခြားသော Device တွေ Product တွေ နဲ့ တွဲသုံးလို့ရပါတယ်။ ဥပမာ ဆိုရင်တော့ Grandstream Device ပေါ့။ Grandstream မှာဆိုရင်လည်း FXO,FXS Port တွေပါဝင်တဲ့အတွက် Elastix နဲ့ ချိတ်ဆက်ပြီး VOIP ရဲ့ အသုံးပြုနိုင်တဲ့ Service တွေအားလုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ခါတရံ တစ်ချို့သော Company တွေမှာဆိုရင် IP Phone တွေအများကြီးအသုံးပြုဖို့မလိုတဲ့အခြေနေမှာဆိုရင် GrandStream Voip Analog Gateway နဲ့ ချိတ်ဆက်ပြီး ရိုးရိုး Analog မှတစ်ဆင့် VOIP သို့ပြောင်းပြီး ဖုန်းခေါ်ဆိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Elastix ကို Local VOIP အပြင် နောက်ထပ်ဘယ်လိုမျိုး အသုံးပြုလို့ရနိုင်ပါသေးသလဲ။

ဖွံ့ဖြိုးလာတဲ့ Organization တွေ Company တွေနဲ့ အခြားအခြားသောအဖွဲ့အစည်းတွေ များပြားလာတာနဲ့အမျှ နယ်ရုံးခွဲတွေလည်း ရှိလာကြပါတယ်။ ဥပမာ အနေနဲ့ဆိုရင် Main Office က ရန်ကုန်မှာ ရှိပြီး အခြားရုံးခွဲ ၂ ခုက မန္တလေးနဲ့ နေပြည်တော်တို့လို အခြေနေမှာဆိုရင် Local VOIP ကနေ VPN ဆိုတဲ့ နည်းပညာကို အသုံးပြုပြီးတော့ Two Elastix PBX System ကို connect လုပ်ကာ VOIP Services တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။